Thursday, October 18, 2007

မင်းနဲငါ
တစ်ဘက်စီမှာ
ရှိနေသလို....
မင်းနဲ့ငါ...ဆု့မှတ်ဟာ
အစက်အပြောက်
တစ်ခုထက်မပိုခဲ့...။
ရင်ခုန်သံခြင်းသံစဉ်ဖွဲ့စကားသံခြင်း
ကောင်းကင်ကို...
မော့ကြည်ပုံခြင်း
အရောင်စပ်ဖွဲ့
ခံစားပု့ခြင်း...
ဘာဆိုဘာမျှ
မညီမျှခဲ့.....
အရိုးသားဆုံးဆိုရရင်
မင်းလိုချင်တာ...ငါမသိသလို
ငါမျှော်လင့်တာကိုလည်း
မင်းမသိနိုင်...
ရှာဖွေရင်းပျောက်ဆုံးနေခဲ့ကြ...။
ရှေ့ဆက်ဖို့ဆိုတာ...
အိပ်မက်မှာ...
အဲဒါ....
မမီနိုင်တော့မယ့်...
ဝေးကွာခြင်းရဲ့
အစလိုသာပဲ...။

No comments: